International News

ပြည်တွင်းလုပ်သားများ၏အလုပ်အကိုင်တည်မြဲစေရေးအတွက် အစိုးရမှ အသေးစားနှင့်အလတ် စားစီးပွားရေး လုပ်ငန်းများအား စင်ကာပူဒေါ်လာ ၁၀.၅ ဘီလီယံပံ့ပိုးပေးခဲ့ပြီးဖြစ်

Last Updated:

ကိုဗစ် ၁၉ ကြောင့် စီးပွားရေးလုပ်ငန်းများ၏ ကုန်ကျစရိတ်သက်သာစေရန်နှင့် လုပ်သား များ၏ အလုပ်အကိုင်တည်မြဲမှုကို အထောက်အကူ ပြုစေရန် စင်ကာပူအစိုးရသည် Jobs Support Scheme - JSS အစီအစဉ်ဖြင့် စီးပွားရေးလုပ်ငန်း ၁၅၀,၀၀၀ ကျော်သို့ စင်ကာပူဒေါ်လာ ၁၆ ဘီလီယံပံ့ပိုးပေးခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါအထောက်အပံ့ကြောင့် ပြည်တွင်းလုပ်သား ၂ သန်း ကျော်၏ လုပ်ခလစာကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုး အပေါ်ကူညီပေးနိုင်ခဲ့ကြောင်း ဒုတိယဝန်ကြီးချုပ် နှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ Mr Heng Swee Keat က ပြောကြားခဲ့ပါသည်။

JSS အစီအစဉ်ဖြင့် စီးပွားရေးလုပ်ငန်းများသို့ ပံ့ပိုးပေးခဲ့သော စင်ကာပူဒေါ်လာ ၁၆ ဘီလီယံအနက် စင်ကာပူဒေါ်လာ ၁၀.၅ ဘီလီယံသည် အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများသို့ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများ၏ တစ်နှစ်ဝင်ငွေရရှိမှုဖြင့် ခွဲခြားဖော်ပြမည် ဆိုပါက တစ်နှစ်လျှင် စင်ကာပူဒေါ်လာ ၁၀ သန်းအောက်သာဝင်ငွေရှိသော လုပ်ငန်းများ အတွက် JSS ထောက်ပံ့ငွေသည် စင်ကာပူဒေါ်လာ ၅.၈ ဘီလီယံ၊ တစ်နှစ်လျှင် စင်ကာပူဒေါ်လာ ၁၀ သန်းမှ ၁၀၀ သန်းအကြား ဝင်ငွေရှိသော လုပ်ငန်းများအတွက် JSS ထောက်ပံ့ငွေသည် စင်ကာပူ ဒေါ်လာ ၄ ဘီလီယံ၊ တစ်နှစ်လျှင် စင်ကာပူဒေါ်လာ ၁၀၀ သန်းမှ ၂၅၀ သန်းအကြား ဝင်ငွေရှိသောလုပ်ငန်းများအတွက် JSS ထောက်ပံ့ငွေသည် စင်ကာပူဒေါ်လာ ၁.၆ ဘီလီယံနှင့် တစ်နှစ်လျှင် စင်ကာပူဒေါ်လာ ၂၅၀ သန်းအထက် ဝင်ငွေရှိသောလုပ်ငန်းများအတွက် JSS ထောက်ပံ့ငွေသည် စင်ကာပူဒေါ်လာ ၄.၉ ဘီလီယံ ပံ့ပိုးပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

 

သတင်းရင်းမြစ် ။    ။ Ministry of Finance

Category: International News